တူကီယဲအသင်းနှင့်ပွဲစဉ်တွင် ရရှိသည့်ဒဏ်ရာကြောင့် ပိုလန်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်မည်

 

တူကီယဲအသင်းနှင့်ပွဲစဉ်တွင် ရရှိသည့်ဒဏ်ရာကြောင့် ပိုလန်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်မည်

 

ပိုလန်အသင်း အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီး သည် နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ကစားသည့် ပိုလန်အသင်းနှင့် တူကီယဲအသင်းတို့ပွဲစဉ်တွင် ရရှိ သည့် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားမည့်  နယ်သာလန် အသင်းနှင့်ပွဲစဉ်ကို လွဲချော်သွားမည်ဖြစ်ကြောင်း ပိုလန်အသင်းက အတည်ပြုကြေညာခဲ့သည်။

ပိုလန်အသင်းက တူကီယဲအသင်းကို ၂ ဂိုး-၁ ဂိုး ဖြင့်အနိုင်ရရှိခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲစဉ်၌ လီဝန် ဒေါစကီးသည် ပွဲချိန် ၃၂ မိနစ်တွင် ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့သည့်အတွက်     နည်းပြပရိုဘီရက်ဇ်က ဆက်လက်အသုံးပြုခြင်း မရှိဘဲ   လူစားလဲခဲ့ခြင်းဖြစ်သည်။

လီဝန်ဒေါစကီး၏   ခြေသလုံးကြွက်သားဒဏ်ရာနှင့် ပတ်သက်ပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိသော်လည်း ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝရန်    ရက်အနည်းငယ်အနားယူရန် လိုအပ်သည့်အတွက် ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ်ကစားမည့် နယ်သာလန်အသင်းနှင့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

ပိုလန်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်တွင် နယ်သာလန်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဇွန်လ ၂၁ ရက်တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် ကစားမည့်     သြစတြီးယားအသင်းနှင့် ကစားရမည် ဖြစ်ကြောင်း သိရသည်။

Ref;Fabrizio Romano

Dates: 
Tuesday, July 9, 2024 - 04:30