နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၂

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ   ရှာဖွေဖော် ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့်  လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community   Monitoring   and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ဇွန်လ ၃ ရက်မှ  ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော  စာရင်းများအရ တရားမဝင်ကျွန်း (၂၅ ဒသမ ၅၉၂၄)တန်၊ သစ်မာ (၂ ဒသမ ၂၉၆၈)တန်၊ အခြား (၅၅ ဒသမ ၉၁၀၆)တန်၊ စုစုပေါင်း (၈၃ ဒသမ ၇၉၉၈)တန်၊ ယာဉ်/ယန္တရား (၈)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ကြောင်း   သစ်တောဦးစီးဌာနမှ   သိရသည်။ 

Dates: 
Tuesday, July 9, 2024 - 04:37