ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်အတွင်း သစ်တောသစ်ပင် များ ဖြင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ သစ်တောသယံဇာတများရေရှည် တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာပါဝင်လာစေရန်နှင့်ညီညွတ်၍ သန့်ရှင်း သာယာလှပသည့် သဘာဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပင်းဆိုင်း (“ဝ”ကျေးရွာ) COMMUNITY  BASED  TOURISM (CBT) ကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက  အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များကို ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးမှလက်ခံရယူခဲ့ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သစ်ပင်ပျိုးပင်များအား သက်မှတ်နေရာများ အလိုက်စိုက်ပျိုးခဲ့ ကြပြီး ဌာနဆိုင်ရာအလိုက် သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။ 

ယနေ့ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ  တွင် အမြင့် ၂ ပေနှင့်အထက်ရှိသည့် ပိတောက်၊ ခရေ၊ ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊စိန်ပန်းပြာ၊မယ်ဇလီ၊ပန်းမယ်မဇလီနှင့်ပျဉ်းမ စသည့် သစ်မျိုး ၉ မျိုး၊ စုစုပေါင်း ပျိုးပင် ၁၀၀၀ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 9, 2024 - 04:53