နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး(၂၀၂၄) ကျင်းပ

 

နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး(၂၀၂၄) ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၁၁

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နှစ်ပတ်လည်အစည်းအဝေး(၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊  နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ နေပြည်တော်  စစ်မှုထမ်းဟောင်းကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ က လက်ခံရယူသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်  များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့နောက် နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှစ်ပတ်လည် အစည်းအဝေး(၂၀၂၄)ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 9, 2024 - 05:01