၂ဝ၂၄ ခုနှစ်၊ အကြိမ်(၃၀)မြောက်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

၂ဝ၂၄ ခုနှစ်၊ အကြိမ်(၃၀)မြောက်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုပေးပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇွန် ၁၇

၂ဝ၂၄ ခုနှစ်၊အကြိမ်(၃၀)မြောက်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက် ဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်ရှိ  အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်ချုပ် စိုးတင်လတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက် ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော  နမ့်စန်လေတပ်စခန်း ဌာနချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်ချုပ် စိုးတင်လတ်နှင့် တာဝန်ရှိသူများက  ဆုများ အသီးသီး ပေးအပ်ခဲ့ကြသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို လေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇွန်လ ၁၃ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Dates: 
Tuesday, July 9, 2024 - 05:21