ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၌ ၂၀၂၄ ခုနှစ်၊ (ပထမ)အကြိမ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၌ ၂၀၂၄ ခုနှစ်၊ (ပထမ)အကြိမ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အတွင်း သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေပြီး ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းသာယာလှပသည့် သဘာဝ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် (ပထမ)အကြိမ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့ရှိ မြို့နယ်ပြည်သူဆေးရုံအနီး၌ ပြုလုပ်ရာ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဉီးစွာ တိုင်းမှူးက  အမှာစကားပြောကြားသည်။ ထို့နောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် (ပထမ)အကြိမ် မိုးရာသီလူထုစုပေါင်း သစ်ပင် စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့် အပင်များအား ပေးအပ်ပြီး  တက်ရောက်လာကြသူများ နှင့်အတူ သစ်ပင်ပျိုးပင်များအား သတ်မှတ်နေရာများအလိုက်စိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားများ၏ သစ်ပင်ပျိုးပင်များ စိုက်ပျိုးနေမှုများကို လိုက်လံ ကြည့်ရှု အားပေး ခဲ့ကြသည်။

အဆိုပါ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၌ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊(ပထမ)အကြိမ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာ တန်းဝင်ပင်၊ အရိပ်ရလေကာပင်၊ နှစ်ရှည်ပင်နှင့် စက်မှုကုန်ကြမ်းသီးနှံပင် စုစုပေါင်း (၂၀၀၀)ပင်ကို အသီးသီးစိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 9, 2024 - 05:25