နေပြည်တော် ၊ နိုဝင်ဘာ - ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၈ ရက်တွင် ရေးမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၇ မိုင်ခန့်အကွာသို့အရောက်၌ ငါးခိုးဖမ်းရန်ပြင်ဆင် နေသည့် အလျား ၄၅ ပေ၊ အနံ ၉ ပေ ၆ လက်မ၊ ရေစူး ၃ ပေ ၆ လက်မခန့် ထက်လင်း အမည်ရှိ စည်းပျက်ငါးဖမ်းလှေပေါ်မှ အမျိုးသား ၇ ဦးနှင့် အလျား ၄၈ ပေ၊ အနံ ၁၁ ပေ ၆ လက်မ၊ ရေစူး ၄ ပေခန့် အောင်မြတ်စိုးအမည်ရှိ စည်းပျက်ငါးဖမ်းလှေပေါ်မှ အမျိုးသား ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေများကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။