ဘရာဇီးအသင်းနှင့်အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှ ဗင်နီစီးယက်စ် ထွက်ခွာရပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဘယ်လင်ဟမ် ထိပ်ဆုံး၌ ရေပန်းစားလာ
ဘရာဇီးအသင်းနှင့်အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှ ဗင်နီစီးယက်စ် ထွက်ခွာခဲ့ရပြီးနောက် ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုဖြစ်သည့် ဘလွန်းဒီအော ဆုအတွက် အင်္ဂလန်အသင်းကွင်းလယ် ကစားသမား ဘယ်လင်ဟမ်က ထိပ်ဆုံး၌ ရေပန်းစားလာကြောင်း သိရသည်။
ပြီးခဲ့သည့်ဘောလုံးရာသီက ဘယ်လင်ဟမ်နှင့် ဗင်နီစီးယက်စ်တို့သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကြပြီး ရီးယဲလ်မက်ဒရစ် အသင်း စပိန်လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားများအဖြစ် ပါဝင်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် အပြိုင်ရေပန်းစားခဲ့ကြသည်။
သို့သော် လက်ရှိကျင်းပနေသည့် ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် ဗင်နီစီးယက်စ်သည် ဘရာဇီးအသင်း နှင့်အတူ ရုန်းကန်ခဲ့ရပြီး ကွာတားဖိုင်နယ်အဆင့်ပွဲစဉ် အဖြစ် ဥရုဂွေးအသင်းနှင့် ပွဲစဉ်တွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ခြင်းမရှိသကဲ့သို့ ဘရာဇီးအသင်းသည်လည်း ဥရုဂွေးအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ဘယ်လင်ဟမ်သည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနေ ပြီး ၁၆ သင်းရှုံးထွက်ပွဲစဉ်တွင်လည်း အသင်းအတွက် အရေးပါသည့် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ထားသောကြောင့် ပိုမို ရေပန်းစားနေကြောင်း သိရသည်။