လွိုင်ကော်မြို့၊ လွယ်ထွဲကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ  ထောက်ပံ့ပေးအပ်

 

လွိုင်ကော်မြို့၊ လွယ်ထွဲကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ  ထောက်ပံ့ပေးအပ်

 

နေပြည်တော် ဇူလိုင် ၉

    ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွယ်ထွဲကျေးရွာရှိ ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာရှိ သုဝဏ္ဏရာမလွယ်ထွဲကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၁၀ ဦးတို့အား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးကျောက်တည်ရောဂါ၊ အရေပြား ရောဂါ၊ ခါးနာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သုဝဏ္ဏရာမလွယ်ထွဲကျောင်း ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လွယ်ထွဲကျေးရွာရှိ ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 10, 2024 - 03:16