မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း

 

မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း

 

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၉ ရက်

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေ မြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

     ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  မော်လိုက်မြို့နယ်၊ ကျောက်တောင်ရပ်ကွက်၊ တံတား ဦးရပ်ကွက်၊ ကျောက်မြောင်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သရက်ကုန်းရပ်ကွက်၊ စွယ်တော်ရပ်ကွက်၊ညောင်ပင်သာရပ်ကွက်၊တွန်းပင်ကျေးရွာနှင့်တိန်းသာကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ကူညီ ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 9, 2024 - 20:09