နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ချင်းတောင်မြို့ရှိ ချင်းတောင် ဟိုင်အလ်အဖွဲ့နှင့် ချင်းတောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ များသို့ လှည့်လည် ကြည့်ရှုလေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ချင်းတောင်မြို့ရှိ ချင်းတောင် ဟိုင်အလ်အဖွဲ့နှင့် ချင်းတောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ များသို့ လှည့်လည် ကြည့်ရှုလေ့လာ

နေပြည်တော်  ဇူလိုင် ၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့  နံနက်ပိုင်းတွင် ချင်းတောင်မြို့အတွင်းရှိ ချင်းတောင် ဟိုင်အလ်အဖွဲ့ (Qingdao Haier Group)နှင့် ချင်းတောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင် တာ (Qingdao Hisense Research and Development center) များသို့ လှည့်လည် ကြည့်ရှု လေ့လာကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ချင်းတောင် ဟိုင်အလ် အဖွဲ့ (Qingdao Haier Group)သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ လျိုဒလင် (Mr. Liu Dalin) နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် Haier Group အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ဟိုင်အလ်အဖွဲ့ဆိုင်ရာ အချက်အလက်များ၊ Haier Group မှ ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီ အီလက်ထရောနစ်ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ နည်းပညာမြင့် စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ တန်ဖိုးမြင့်မားသည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအမှတ်တံဆိပ်များတွင် နံပါတ် ၁ အဖြစ် ၇ နှစ်ဆက်တိုက်ရပ်တည်ခဲ့မှု အခြေအနေနှင့် ဆက်လက် တို့ချဲ့ ဆောင်ရွက်သွားမည့် အစီအမံများကို လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး  အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ချင်းတောင် ဟိုင်အလ် အဖွဲ့ (Qingdao Haier Group)ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပိုမိုကောင်းမွန်သည့် လူနေမှုဘဝနှင့် ဒစ်ဂျစ် တယ်အသွင် ပြောင်းလဲမှုတို့အတွက် ကမ္ဘာ့ထိပ်တန်းဖြေရှင်းမှုများကို ထောက် ပံ့ပေးလျက်ရှိသည်။ ဟိုင်အလ်အဖွဲ့သည် ခေတ်ဆန်သော လူနေမှုနှင့် စက်မှု လုပ်ငန်းသုံး အင်တာနက်စသည့် အဓိကလမ်းကြောင်းနှစ်ခုကို တည်ထောင် ထားပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ (၁၀)ခု၊ သုတေသနအဖွဲ့ အစည်း (၇၁)ဖွဲ့၊ စက်မှုဥယျာဉ် (၃၅)ခု၊ ကုန်ထုတ်လုပ်မှုစင်တာ (၁၄၃)ခုနှင့် ကမ္ဘာတစ်ဝန်းတွင် အရောင်းကွန်ရက်ပေါင်း (၂၃၀၀၀၀)ကို တည်ထောင်ထား ရှိကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် Hisense ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု စင်တာ (Hisense Qingdao Research and Deveolpment Center) သို့ရောက်ရှိရာ ဒုတိယမန်နေဂျာ မစ္စ ချန် ဆိုင် ချာ(Ms. Zhen Cai Xia) နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် စင်တာအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူ များက Hisense စင်တာ၏ နောက်ခံသမိုင်းအကျဉ်းနှင့် Hisense အမှတ် တံဆိပ်ဖြင့်ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီ အီလက်ထရောနစ် ပစ္စည်း များ၊ နည်းပညာများဆိုင်ရာ  သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန် အသစ်နှင့် စက်မှုအဆင့်မြှင့်တင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ များကို လိုက်လံ ရှင်းလင်း ပြသကြသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး  အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာသည် Hisense ၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုရုံးချုပ်ဖြစ်ပြီး ချင်းတောင် မြို့ လာရှန်ခရိုင်တွင်တည်ရှိကာ  ကုန်းမြေဧရိယာ ၂၂၇၀၀၀ စတုရန်းမီတာရှိ သည်။ ယင်းဧရိယာအတွင်း တီဗီနှင့် ဆက်သွယ်ရေးကို အဓိကထားသည့် အီလက်ထရွန်နစ် သတင်းအချက်အလက်လုပ်ငန်း၊ ပို့ဆောင်ရေး၊ ကျန်းမာရေး နှင့် လူနေအိမ်တို့ကို အဓိကထားသည့် စက်မှုနည်းပညာအချက်အလက် လုပ်ငန်း၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ မီးဖိုချောင်နှင့် ရေချိုး ခန်းအသုံးအဆောင်များစသည်တို့ကို အဓိကထားသည့် အိမ်သုံးပစ္စည်း လုပ်ငန်းဟူ၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဧရိယာ (၃)ခုခွဲခြားပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုကဲ့သို့ သုတေသနပြုရာမှ ရရှိလာသည့် နည်းပညာ၊ နည်း စနစ်များနှင့်အညီ ထုတ်ကုန်ပစ္စည်းများကို သုံးစွဲသူများ၏ လိုလားချက်များနှင့် ကိုက်ညီအောင် အဆင့်မြှင့်တင်ထုတ်လုပ်လာနိုင်မှုကြောင့် ၂၀၂၃ ခုနှစ်တွင် Hisense သည် နှစ်စဉ်ဝင်ငွေယွမ် ၂၀၁ ဒသမ ၇ ဘီလီယံနှင့် စုစုပေါင်းအမြတ် ယွမ် ၁၃ ဒသမ ၇ ဘီလီယံဖြင့် တည်ညိမ်သောတိုးတက်မှုကို ဆက်လက်ထိန်း သိမ်းထားနိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ်အမြတ်ဝင်ငွေ ၁၁ ရာခိုင်နှုန်းတိုး တက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်မြို့ မြို့တော်ဝန် Mr. Zhao Haozhi က Qingdao Sea  View Garden Hotel ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Dates: 
Tuesday, July 9, 2024 - 19:01