တရားမဝင်စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်  ၁၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ်သည့် Nissan AD Station Wagon (၇)စီး၊  Daihatsu Hijet (၆)စီး၊ Honda Fit (၃)စီး၊  Nissan Vanette (၂)စီးနှင့် Mazda Bongo (၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန်လ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ နမ့်ခမ်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်  တရုတ်နိုင်ငံထုတ် Floral Foam (၃၅၇)ကီလိုဂရမ်၊ Plastic Spray Head (၁၂၅)ကီလိုဂရမ်၊ Ceramic Tiles (၄၈၀၀)ချပ်အပါအဝင် လူသုံးကုန်ပစ္စည်း(၂၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၇၀၇၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor (၁)စီး၊ Hino Ranger Truck (၁)စီး၊ စက်မှုဇုန်ထုတ် Shwe Tu Truck (၁)စီး၊ Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၀၀၀၀၀၀)နှင့် ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Hot Plate (၂၂၀၈)ခုအပါအဝင် လူသုံးကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၂၃၆၇၃၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ရွှေကျင် စစ်ဆေးရေး စခန်း၌ ဆီသယ်ယာဉ် (၁)စီးပေါ်မှ တရားမဝင်စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၇၈၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၂၄၀၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Hino Profia Tractor Head (၁)စီးနှင့် ဆီသယ်နောက်တွဲယာဉ်(၁)တွဲ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃၁၈၃၇၃၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၁)မှု၊    (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၂၁၈၃၇၃၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Dates: 
Wednesday, July 10, 2024 - 05:28