ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသည့်စီမံကိန်းများ ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ အာဏာလွှဲပြောင်းပေးချိန်တွင် အောက်ဖော်ပြပါ ပြည်တွင်းတိုင်းရင်းသား ကုမ္ပဏီများအလိုက် ဆောင်ရွက်ဆဲ စီမံကိန်းများပါ လွှဲပြောင်းပေးခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့သော ဆောင်ရွက်ဆဲ ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီပိုင် ရေအားလျှပ်စစ် စီမံကိန်းများ-
အလားတူပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့ရာမှ လာရောက် ပူးပေါင်းဆောင်ရွက်ကြသော ပြည်ပကုမ္ပဏီများနှင့် စီမံကိန်းများကိုပါ ဖော်ပြပေးပါမည်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့ သော ဆောင်ရွက်ဆဲ ပြည်ပဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ-
ဖော်ပြခဲ့သည့်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံ မှုကော်မရှင်တွင် မှတ်ပုံတင်ထားသော တန်ဖိုးစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၅၂၇၁၇ ဒသမ ၆၃ သန်းရှိသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှစ၍ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ စက်ရုံအမျိုးအစားနှင့် ဆောင်ရွက်ခဲ့မှု အနှစ်ချုပ်ကို ဖော်ပြပါ မည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်အတွင်းဆောင်ရွက်ခဲ့သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းအနှစ်ချုပ်
အထက်ပါဇယားအရ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှစ၍ နိုင်ငံတာဝန်ယူခဲ့သော တပ်မတော်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် မတ် လ ၃၁ ရက်အထိဆောင်ရွက်ခဲ့သော ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများ ကို သုံးသပ်ရလျှင်-
တည်ဆောက်နိုင်ခဲ့သည့်စက်ရုံပေါင်း ၂၀ တွင် သဘာဝဓာတ်ငွေ့သုံး စက်ရုံငါးရုံ၊ ကျောက်မီးသွေးသုံး စက်ရုံတစ်ရုံနှင့် ရေအားလျှပ်စစ်စက်ရုံ ၁၄ ရုံ ပါဝင်သည်။
ရေအားလျှပ်စစ်စက်ရုံ ၁၄ ရုံတွင် တပ်ဆင်အင်အား ၂၂၂၇ မဂ္ဂါဝပ် ပါဝင်ပြီး နှစ်စဉ်ထုတ်လုပ်မှု ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၉၁ ဒသမ ၁ သန်း ထုတ်လုပ်ပေးနိုင်ခဲ့သည်။
၁၉၈၈ ခုနှစ်မတိုင်မီကရှိခဲ့ပြီးသော ရေအားလျှပ်စစ် စက်ရုံအားလုံး ၂၂၄ မဂ္ဂါဝပ်၊ ဓာတ်ငွေ့စက်ရုံအားလုံး ၃၇၄ ဒသမ ၀၆ မဂ္ဂါဝပ် စုစုပေါင်း ၅၉၈ ဒသမ ၀၆ မဂ္ဂါဝပ်သာရှိနေရာမှ ၂၀၁၁ ခုနှစ် မတ်လတွင် ၂၈၁၃ ဒသမ ၃ မဂ္ဂါဝပ်အထိ ငါးဆခန့်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။