ပဲခူးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

 

ပဲခူးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၁၀

ပဲခူးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကား များ အသီးသီးပြောကြားကြသည်။ ထို့နောက် တောင်ငူမြို့နယ်၊ ရေတာရှည် မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များအတွင်း လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန် ကြီးချုပ်နှင့် တိုင်းမှူး တို့က ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ အသီးသီးပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 10, 2024 - 08:59