နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့ပြီး မီးငြိမ်းသတ်ရန်လာရောက်သည့် ပြည်သူ ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့ပြီး မီးငြိမ်းသတ်ရန်လာရောက်သည့် ပြည်သူ ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိတွေ့ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဇွန်လ ၉ ရက်နေ့တွင် ဆူးဖြူကုန်းကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် မီးငြိမ်းသတ်ရန် ကျေးရွာအတွင်းဝင်ရောက် လာသည့် ပြည်သူ ၃ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက် ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သမားများက ချောင်းမြောင်း တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၉ ရက်နေ့တွင် ဆူးဖြူကုန်းကျေးရွာအနီး အများပြည်သူ အသုံးပြုလျက်ရှိသည့်လမ်းမကြီးပေါ်တွင် အကြမ်းဖက်သမားများမှ မိုင်းထောင်ထားရှိ ကြောင်း သိရှိရသည့်အတွက် လိုအပ်သော လုံခြုံရေးဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများမှ လက်လုပ်လက်နက်ကြီးများ၊ လက်လုပ်သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဆူးဖြူကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအတွင်းမှပြည်သူများ ထွက်ပြေးခဲ့ရာ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများကြောင့် ထိခိုက်သေဆုံးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် PDF အမည်ခံအကြမ်းဖက်သမားများကြောင့် ကျေးရွာ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ကို ဖုံးကွယ်ရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်းသတင်းရရှိသည်။

Dates: 
Wednesday, July 10, 2024 - 09:11