ကလေးမြို့ ရေကူးကန်တွင် လူငယ်များကိုဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်ထိုးခိုင်း ကြောင်းနှင့် တချို့ကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

ကလေးမြို့ ရေကူးကန်တွင် လူငယ်များကိုဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်ထိုးခိုင်း ကြောင်းနှင့် တချို့ကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မင်းကြီးဟိုတယ်ရေကူးကန်တွင် ရေကူးနေ သည့် လူငယ် ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုးခိုင်းကြောင်းနှင့် တချို့ကို စစ်မှု  ထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ဇွန်လ ၉ ရက်နေ့တွင် ကလေးမြို့ မင်းကြီးဟိုတယ်ရေကူးကန်တွင် လာရောက် ရေကူးသည့် လူငယ်များခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းပေးပို့ချက်အရ မြို့နယ်စီမံ အုပ်ချုပ်ရေးတာဝန်ရှိသူများက ခိုက်ရန်ဖြစ်ပွားမှုမရှိစေရန်အတွက် သွားရောက်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုးခိုင်းခြင်း၊ ဖမ်းဆီး ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလား သူများက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

Dates: 
Wednesday, July 10, 2024 - 09:12