တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇွန် ၁၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့၊ ရမ်ပူ-ကြက်ပေါင်ခြံ လမ်းဆုံ၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ် (၁)စီးနှင့် မိုင်းလားမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တစ်ခါသုံးအိပ်ရာခင်း (၁၅၀၀)ကီလိုဂရမ်၊ လုပ်ငန်းသုံး Tubular Type Air Preheater အပူပေးစက် (၁)လုံးအပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၁၄၀၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၁၄၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၆ ရက်တွင် ပဲခူးခရိုင်နှင့်  တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၆၁၇)တန်၊ သစ်မာ (၁ ဒသမ ၈၀၉)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၅၃၃၅၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ အင်းတကော်မြို့၊ ဘူးလယ် အင်းကျေးရွာအနီး၌ လိုင်စင်မဲ့ Toyota Caldina မော်တော်ယာဉ်(၁)စီး  (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၀၀၀၀၀၀)ကို   ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် တောင်ငူခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၃၉၃)တန်၊ သစ်မာ (၃ ဒသမ ၂၂၅)တန်၊ အခြားသစ် (သုည ဒသမ ၄၇၉) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် (၁၆၅၈၈၀၁) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၁၂၁၅၃)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန်လ ၁၄ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉)မှု၊    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၄၅၂၁၅၃) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှသိရသည်။     

(သတင်းစဉ်)

Dates: 
Wednesday, July 10, 2024 - 09:57