သင်္ဃန်းကျွန်း၊ ရွှေပြည်သာနှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၁၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ သံသုမာလမ်းနှင့် စံပြ(၃)လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ သိန်းဦး(ခ)ကမ္ဘာရှားကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၁ နာရီတွင် ရွှေပြည်သာမြို့နယ်၊ (ဎ/၁၃)ရပ်ကွက်၊ မြောင်းမြလမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မမီမီထွန်း မောင်းနှင်ပြီး မဥမ္မာဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်း ကောင်းသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)