ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်

ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄  ဇူလိုင်-၁၀

        ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

        ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စု၏ထာဝရအလှ”သီချင်း ဖြင့် သီဆိုဖွင့်လှစ်ကြပြီး တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက အလှူငွေများပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူသည်။

        ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုနှင့် သီဆိုကပြ ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

 

Dates: 
Wednesday, July 10, 2024 - 15:58