ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၄ ဇူလိုင်-၁၀
၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကိုယ်စား နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များတက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက အမှာ စကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ရေတပ်လေ့ကျင့်ရေးဌာနချုပ်အသင်းအား ကာကွယ် ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဇူလိုင် ၂ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။