ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၀ ရက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်၊ မြသိန်းတန်ဘုရားနှင့် ပေါမိုင်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအား ရေဘေး လွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 10, 2024 - 16:03