မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဇွန် ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက် ညနေ ၅ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ပူးပေါင်း အဖွဲ့သည် ဇွန်လ ၈ ရက် ည ၁၁ နာရီခွဲတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် နဌဏျွနှ ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း။
ထို့အတူ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက် ည ၇ နာရီတွင် နောင်ချိုမြို့ ပါဟတ် ရပ်ကွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စိုင်းလှထွန်းမောင်းနှင်လာသည့် ဆိုင်ကယ် ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇွန်လ ၈ ရက် ည ၈ နာရီတွင် မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကား ဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မလှလှဌေး(ခ)မဌေး၊ မဝင်းပပထွန်း (ခ)အိသူနှင့် မချိုချို(ခ)မချိုတို့ ၃ ဦး လာရောက်ထုတ်ယူသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်<က ရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် ကောင်းထက်(ခ)အစီပိတ်အား နံနက် ၉ နာရီတွင် (ခ)ရပ်ကွက် ဝေဘာဂီလမ်းတွင်လည်းကောင်း၊ အောင်ဆန်းမြင့်(ခ)ကိုဇော်အား နံနက် ၁၁ နာရီတွင် သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက် ပိတောက်လမ်းရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက် နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ရှိုင်းထက်ဇော်အားစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မဥမ္မာသိန်းအား နံနက် ၂ နာရီတွင် အင်းစိန်မြို့နယ် လှိုင်မြစ်လမ်း မြို့မဈေးအရှေ့၌ ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။