တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်  ၁၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၇ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စေတုတ္တရာမြို့နယ်၊ ဆီမီးချောင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Taryan  မော်တော်ဆိုင်ကယ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေးရွာအနီး၌  တရားမဝင် ကျွန်းသစ်(သုည ဒသမ ၃၀၉)တန်၊ အခြားသစ် (၄ ဒသမ ၈၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၄၆၀၁၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၆၀၁၆)ကို  ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ်၌  လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ်သည့်  Nissan X-Trail (၁)စီး၊ Toyota Crown (၁)စီးနှင့်  Toyota Hijet (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ နမ္မတီးမြို့နယ်၌ အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၁၉၅၂၀)  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၂၀၀၀၀)ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေအရလည်းကောင်း၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုး   ငွေကျပ် ၄၇၅၂၀၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန်လ ၈ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုက်မရောမြို့ မြို့အဝင်လမ်းဆုံ၌ ဘုရား သုံးဆူမြို့မှ ကျိုက်မရောမြို့သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် VoVo ဖုန်းမှန်ကပ် ကာဗာ (၅၆၀၀)အပါအဝင်  ကုန်ပစ္စည်း(၆)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၂၈၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ဇွန်လ ၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌  ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Duct Tape (၄၄၅၅ ဒသမ ၈) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၃၅၇၇၀)ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်(၂)ဦး၏ ဝန်စည်(၂)ခုအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည် Uniqlo တံဆိပ်ပါဘောင်းဘီတို(၆၈)ထည်၊ အမျိုးသားဝတ်ရှပ်အင်္ကျီ (၇၂)ထည်၊ အမျိုးသမီးဝတ်အင်္ကျီ (၂၄၅)ထည်နှင့် တရုတ်နိုင်ငံထုတ် KZG Keypad Phone (၅)လုံးအပါအဝင် ကုန်ပစ္စည်း(၇)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၄၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၅၇၅၇၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၃၉)မိုင်စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း  အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ငါးငံပြာရည်ပုလင်း (၆၀၀)၊ ဂျပန်နိုင်ငံထုတ် Riccar အပ်ချုပ်စက်(Used) (၅၈)လုံး၊ တရုတ်နိုင်ငံထုတ် KZG Keypad Phone (၉)လုံးအပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၆၉၈၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Bus (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၂၆၉၈၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဇွန်လ ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၅၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၇၆၃၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့တွင်  ဖမ်းဆီးရမိမှု   စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃၇၁၇၄၁၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

Dates: 
Thursday, July 11, 2024 - 05:16