ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၀ ကီလို ဖမ်းဆီးရမိ

 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၀ ကီလို ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄၆)လမ်းရှိ မစုမွန်ကျော် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းအား သတင်းအရရှာဖွေရာ ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄ဝ ကီလို သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Dates: 
Thursday, July 11, 2024 - 05:33