နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇွန် - ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင် အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဆောင် အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ တို့အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဝိဇယမင်္ဂလာဓမ္မသဘင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက်အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများသည် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အရိယာသာဝတ္ထိဂါထာ နှင့် မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ ရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော် အဆင့် အဆောင်အယောင်မော်တော်ယာဉ်များဆက်ကပ်အပ်နှံခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လျှောက်ထား တင်ပြရာတွင် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး သန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွား ရေးတို့အတွက် မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်း အဝေးကြီးက သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အောင်မြင်စွာဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် နိုင်ငံတော်၏အဆင့်မြင့်ဆုံးသော သံဃာ့ အဖွဲ့အစည်းအဖြစ် ရပ်တည်လျက် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးတို့အတွက် အားသွန်ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိသည်ကို သိရှိကြည်ညိုဝမ်းမြောက်ရပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ် ကြီး ထွန်းလင်းဝေစည်လျက်ရှိနေသည်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ဦးဆောင်မှုနှင့်အတူ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီးများက မိမိတို့စွမ်းဆောင်နိုင်သည့် စွမ်းအားအလျောက် ဓုရနှစ်ဖြာသာသနာ ကို ဆောင်ရွက်တော်မူလျက်ရှိကြပြီး နိုင်ငံတော်အစိုးရနှင့် စေတနာရှင်ပြည်သူများ ကလည်း ပစ္စည်းလေးပါးတို့ဖြင့် အားပေးထောက်ပံ့လှူဒါန်းလျက်ရှိနေကြခြင်းမှာ ဆရာဒကာလက်တွဲညီစွာ အားကျိုးမာန်တက်ဆောင်ရွက်ခြင်း၏ ကောင်းကျိုးများဖြစ် ကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာ လျှောက်ထားအပ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်ကြီးတွင် ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော် အမြင့် ၆၃ ပေ၊ စုစုပေါင်းဉာဏ်တော် ၈၁ ပေ အမြင့်ဆောင်သည့်အတွက် ကမ္ဘာပေါ်ရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်များအနက် ကမ္ဘာ့အကြီးဆုံး ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြော မှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသော ကောင်းကျိုးမြတ်နိုး ရည် သန်ဆန္ဒမှန်ဖြင့် စေတနာရှင်အများပြည်သူတို့ စုပေါင်းလှူဒါန်း၍ အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ မြောက်ဘက် အရပ်မျက်နှာတွင် ကျောက်စာရုံစေတီတော် ၇၂၀ ဆူတို့ကိုပါ တည်ထားပူဇော်ထားရှိ ပြီး ကျောက်စာရုံစေတီတော်အသီးသီးတွင် ဗုဒ္ဓဟောဖော် ပိဋကတ်သုံးပုံပါဠိတော် တို့ကို မြန်မာဘာသာ၊ ရိုမန်ဘာသာတို့ဖြင့် ကျောက်စာတော် ၁၄၄၀ ချပ် ထည့်သွင်း၍ ရေးထွင်းပူဇော်နိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်အစိုးရသည် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ အခါသမယ ရောက်တိုင်း ဂန္ထဓုရ၊ ဝိပဿနာဓုရ ဟူသော ဓုရနှစ်ဖြာသာသနာကို တည်တံ့ပြန့်ပွားအောင်၊ ထွန်းလင်းဝေစည်အောင် ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိ ကြသည့် ပြည်တွင်း/ပြည်ပမှ ဆရာတော်ကြီးများနှင့် သာသနာနွယ်ဝင် သီလရှင် ဆရာကြီးများ၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအား ပစ္စည်းလေးပါးတို့ဖြင့် ထူးခြား စွာ အားပေးချီးမြှောက် ထောက်ပံ့လှူဒါန်းလျက်ရှိကြသည့် ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို နှစ်စဉ်မပျက် ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို အားပေး ထောက်ပံ့လျက်ရှိပါကြောင်း။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်သံဃ မဟာ နာယကဆရာတော်ကြီးများ၏ သြဝါဒတော်များနှင့်အညီ ဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်အောင် စဉ်ဆက်မပြတ် ထောက်ပံ့ပူဇော်နိုင်ရန် အားစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထူးခြားမွန်မြတ်သော ဓမ္မပူဇာကုသိုလ်တော်အဖြစ် ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်သုံးပုံပါဠိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ကျမ်းစာအုပ်များကို ပြည်တွင်း/ ပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော် ကြီးကျောင်းများသို့ လှူဒါန်းလျက်ရှိပါကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် သဗ္ဗညုဘုရားရှင် ဟောညွှန်တော် မူခဲ့သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟုဆိုအပ်သော သာသနာတော်သုံးရပ်၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းစွာထမ်းဆောင်တော်မူကြသည့် သံဃာတော်အားလုံး ကို ဦးဆောင်နေရသဖြင့် နိုင်ငံတော်၏ဗုဒ္ဓသာသနာတော်အတွက် တာဝန်ကြီးမားစွာ ဖြင့် ဦးဆောင်နေရသည့် သံဃာ့အဖွဲ့အစည်းကြီးဖြစ်ပါကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူဆောင်ရွက် နေသည့်ကာလတွင် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့ တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြ ပါစေရန်ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မဟာနာယက ဆရာ တော်ကြီးများထံ နိုင်ငံတော်အဆင့်မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံသွားမည် ဖြစ်ပါကြောင်းနှင့် မဟာနာယကဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏အကျိုးကို အစဉ်သယ်ပိုး ထမ်းဆောင်နိုင်တော်မူ ကြပါစေကြောင်းဖြင့် လျှောက်ထားတင်ပြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာ တော်ကြီးက သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတို့ထံသို့ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော် ယာဉ်များ ဆက်ကပ်အပ်နှံပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ပြည်ထောင် စုဝန်ကြီးများက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော် အဆင့် အဆောင်အယောင်မော်တော်ယာဉ်များကို အသီးသီးဆက်ကပ်အပ်နှံကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အခမ်းအနားတက်ရောက် လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများက ဘဝတု သုံးဂါထာနှင့် သဗ္ဗီတိယော မေတ္တာပို့ဂါထာတော်များကို ရွတ်ဆို၍ မေတ္တာပြုချီးမြှင့်တော်မူကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။
ထို့နောက် အောင်အိုးကိုင် ဥပါသကာများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်ကြီးများအား နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ထားရှိသည့်သတ်မှတ်နေရာ သို့ ကြိုဆိုပင့်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့က နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ထံ ဆက်ကပ်အပ်နှံထားရှိသည့် နိုင်ငံတော်အဆင့်အဆောင်အယောင်မော်တော်ယာဉ် များအား တစ်စီးချင်းစီအလိုက် ပရိတ်နံ့သာရည်များပက်ဖျန်း၍ သဒ္ဓိမင်္ဂလာ ဆင်ယင် ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သာသနိကအဆောက်အဦများ၊ ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများလာရောက်စဉ် ခေတ္တသီတင်းသုံးသည့် အဆောင်များနှင့် လမ်းများအဆင့်မြှင့်တင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လို အပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။