လွိုင်ကော်မြို့၊ လယ်တဲ့ကျေးရွာ၊ ကုန်းသာကျေးရွာ၊ ထီရိကျေးရွာနှင့် ကယန်းသာယာကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

 

လွိုင်ကော်မြို့၊ လယ်တဲ့ကျေးရွာ၊ ကုန်းသာကျေးရွာ၊ ထီရိကျေးရွာနှင့် ကယန်းသာယာကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်တဲ့ကျေးရွာ၊ ကုန်းသာကျေးရွာ၊ ထီရိကျေးရွာနှင့် ကယန်းသာယာကျေးရွာများရှိ ဒေသခံပြည်သူများအား ဇွန် ၈ ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၁၃၅ ဦး တို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို လွိုင်ကော်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Thursday, July 11, 2024 - 07:22