မန်ယူအသင်းက လာမည့်ရက်ပိုင်းအတွင်း ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချပြီး ဘိုလော့ဂ်နာအသင်း တိုက်စစ်ကစားသမား ဇက်ဇီးကို ခေါ်ယူရန် သဘောတူညီမှုရရှိ

 

မန်ယူအသင်းက လာမည့်ရက်ပိုင်းအတွင်း  ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချပြီး ဘိုလော့ဂ်နာအသင်း တိုက်စစ်ကစားသမား ဇက်ဇီးကို ခေါ်ယူရန် သဘောတူညီမှုရရှိ

 

      မန်ယူအသင်းက    လာမည့်ရက်ပိုင်းအတွင်း အသင်းမှ လူငယ်ကစားသမား ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံရောင်းချပြီး ဘိုလော့ဂ်နာအသင်း တိုက်စစ်ကစားသမား ဇက်ဇီးကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် အသင်းတိုက်စစ်ပိုင်းအတွက် ဇက်ဇီးကိုခေါ်ယူရန် အစောပိုင်းကတည်းက ကြိုးပမ်း လျက်ရှိပြီး ဇက်ဇီးကိုယ်တိုင်ကလည်း မန်ယူအသင်း ထံ  ပြောင်းရွှေ့ကစားလိုသည့် အတွက် ပုဂ္ဂိုလ်ရေးအရ   သဘောတူညီမှုရရှိပြီးနောက်   ဘိုလော့ဂ်နာအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာမှ လက်ရှိတွင် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဂီတာဖေးအသင်းထံ   အငှားစာချုပ်ဖြင့်စေလွှတ်ထားသော ဂရင်းဝုဒ်ကို လက်ရှိနွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ဆုံးဖြတ်ထားပြီး အစောပိုင်းတွင် လာဇီယိုအသင်းက တရားဝင်ကမ်းလှမ်းခဲ့သော်လည်း  ပြောင်းရွှေ့ကြေး  ညှိနှိုင်းမှု အဆင်မပြေခဲ့သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ မာဆေးလ်အသင်းက လူငယ်ကစားသမား ဂရင်းဝုဒ်ကိုခေါ်ယူရန် တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာမှ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

Dates: 
Thursday, July 11, 2024 - 12:23