တရားမဝင် စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၁၀

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မကွေးမြို့၊ မြို့အဝင် စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့  Toyota Mark II မော်တော်ယာဉ်(၁)စီးနှင့် Hijet မော်တော်ယာဉ် (၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြစ်ကြီးနားမြို့မှ နမ္မတီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၂)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Nitric Acid  (၆၀၀၀၀) ကီလိုဂရမ်၊ Sulphuric Acid (၃၀၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၆၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် CAMC Tractor Head (၁)စီး၊ Volvo Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀၀)ကို  ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ လည်းကောင်း၊ မိုးကောင်းမြို့နယ်၌ တရားမဝင် စက်သုံးဆီဓာတ်ဆီ(၅၅)ဂါလန်၊ ဒီဇယ်ဆီ (၇)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၂၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၁၆၂၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိုင်ကြီးငူ-ရွှေဂွန်း-ဘားအံကားလမ်း၊ ထီဖိုးကလုံကျေးရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ  တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်တစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ (၁၃၉၆)ပုံး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၅၁၂၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Nissan  Diesel Truck (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၅၁၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဇူလိုင်လ  ၉  ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် ကားအပိုပစ္စည်း Car Front Windscreen (၂)ခုအပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်၊ တိုက်ကြီး-ဖောင်ကြီးလမ်း၊ လေးတိုင်စင်စစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Honda Click-160 မော်တော်ဆိုင်ကယ်  (၂)စီး  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၈၄၈၄၀၀၀)ဖြစ်ကြောင်း     တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

Dates: 
Thursday, July 11, 2024 - 12:40