၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက် ကျင်းပ

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက် ကျင်းပ

နေပြည်တော်  ဇွန်  ၁၈

ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ရှိကြသည့် တိုက်ကွမ်ဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ်တိုက်ကွမ်ဒို အားကစားသမားများစွာ ပေါ်ထွက် လာစေရေးနှင့် တိုက်ကွမ်ဒို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး) အတိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် အမျိုးသား (၄၆-၅၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုး သား (-၄၆)ကီလိုတန်းပြိုင်ပွဲ၊အမျိုးသမီး(၄၃- ၄၆)ကီလို တန်းပြိုင်ပွဲ၊ အမျိုးသား(၄၆-၅၀) ကီလိုတန်းပြိုင်ပွဲ၊အမျိုးသား(-၄၆) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၄၃ -၄၆) ကီလိုတန်းပြိုင်ပွဲ၊အမျိုးသမီး (-၄၀)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အကြို ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်အမျိုးသား(၄၆-၅၀)ကီလိုတန်း ပြိုင်ပွဲတွင်ဇော်ဒန်အောင်(ကချင်) က ထက်မြတ်ထွန်း (ရခိုင်)ကိုလည်းကောင်း၊ သုတမောင်(ရန်ကုန်) က ဟိန်းဇေယျ(ကရင်)ကိုလည်းကောင်း၊ အမျိုးသား(-၄၆) ကီလိုတန်း ပြိုင်ပွဲတွင် သျန်ဘုန်းအောင်(ရှမ်း)က ကျော်ဇောလင်း (ကချင်) ကိုလည်း ကောင်း၊ ထွန်း လင်းအောင်(ရန်ကုန်)က ဆန်းမင်းဝင်း(ကယား)ကိုလည်းကောင်း၊ အမျိုး သမီး(၄၃-၄၆)ကီလိုတန်း ပြိုင်ပွဲတွင် မဒီမြာ(ကယား)ကခင်ဝတ်မှုံရည်(ရခိုင်)ကိုလည်းကောင်း၊ သူသူဟန်(ရန်ကုန်) က အေးနှင်းဖြူ(ရှမ်း)ကိုလည်းကောင်း၊ အမျိုး သမီး(-၄၀)ကီလိုတန်း ပြိုင်ပွဲတွင် မေထက်နိုင်ဦး (တနင်္သာရီ)က စုဝင်းနွယ်(မွန်)ကိုလည်းကောင်း၊ သော်သော်ဇင်(ရန်ကုန်)က ချောစန္ဒာဦး(မန္တလေး)ကို လည်းကောင်း၊ အမျိုးသား(၈၀-၈၇)ကီလိုတန်း ပြိုင်ပွဲတွင် ထူးဒီပါ(နေပြည်တော်) က ကောင်းပြည့်စုံ (ရန်ကုန်) ကိုလည်းကောင်း၊ သော်ဇင်အောင် (မန္တလေး)က ပြည့်ဖြိုးထွန်း(ရခိုင်) ကိုလည်းကောင်း၊ အမျိုး သမီး (+၇၃) ကီလိုတန်း ပြိုင်ပွဲတွင် အိမ့်ခြူပိုပို(ဧရာဝတီ)ကထွန်းလဲ့လဲ့ဝင်း (မကွေး)ကိုလည်းကောင်း၊ အိဖူးစံ(ရခိုင်)ကရွှေရည်အောင် (ချင်း) ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

ထို့နောက်ဗိုလ်လုပွဲ ပြိုင်ပွဲပွဲစဉ်များကို ဆက် လက်ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးသား(-၄၆) ကီလို တန်းပြိုင် ပွဲတွင် ထွန်းလင်းအောင်(ရန်ကုန်) က ပထမ၊ သျန်ဘုန်းအောင်(ရှမ်း) ကဒုတိယ၊ကျော်ဇောလင်း (က ချင်) နှင့် ဆန်းမင်းဝင်း(ကယား)တို့က တတိယ၊ အမျိုးသမီး(-၄၀) ကီလိုတန်း ပြိုင်ပွဲတွင် သော်သော်ဇင် (ရန်ကုန်)က ပထမ၊ မေထက်နိုင်ဦး(တနင်္သာရီ)ကဒုတိယ၊ စုဝင်းနွယ် (မွန်)နှင့်ချောစန္ဒာဦး (မန္တလေး) တို့က တတိယ၊ အမျိုးသား(၈၀-၈၇) ကီလိုတန်းပြိုင်ပွဲတွင်ထူးဒီပါ (နေပြည်တော်)ကပထမ၊ သော်ဇင် အောင် (မန္တလေး)ကဒုတိယ၊ ကောင်း ပြည့်စုံ(ရန်ကုန်)နှင့် ပြည့် ဖြိုးထွန်း(ရခိုင်)တို့က တတိယ၊ အမျိုးသမီး(+၇၃) ကီလိုတန်းပြိုင်ပွဲတွင် အိဖူးစံ(ရခိုင်)က ပထမ၊ အိမ့်ခြူးပိုပို(ဧရာဝတီ)က ဒုတိယ၊ ထွန်းလဲ့လဲ့ဝင်း (မကွေး)နှင့် ရွှေရည်အောင်(ချင်း)တို့က တတိယဖြင့်လည်းကောင်း အသီသီး အနိုင်ရရှိခဲ့ သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ (ယနေ့) နံနက်(၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ အမျိုး သား (၅၀-၅၄)ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား(၅၈-၆၃) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသမီး (၅၇- ၆၂)ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ တိုက်ကွမ်ဒိုအားကစား ၀ါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။

ကျော်လွင်(မြဝတီ)

Dates: 
Thursday, July 11, 2024 - 11:15