ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ

 

ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ

 

ကင်းလွတ်ခွင့်

၁။      ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၂၂ တွင်   အောက်ပါပုဂ္ဂိုလ်များသည်  ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-

          (က)   သာသနာ့ဝန်ထမ်းများ။

          (ခ)     အိမ်ထောင်သည်အမျိုးသမီးများ(အိမ်ထောင်ပျက်သော်လည်းသားသမီးရှိသူ အမျိုးသမီးလည်းပါဝင်သည်)။

          (ဂ)    ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။

          (ဃ)   တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။

          (င)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။

၂။       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ

          (က)   ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့်  စစ်မှုထမ်းရန် မသင့်လျော်သူများ။

          (ခ)     ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ  စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်)စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက  ပြဋ္ဌာန်းထားသည့်အတိုင်း   သတ်မှတ်ခံရသူများ။

          (ဂ)    နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင်(သို့မဟုတ်)အတတ်ပညာရှင်များ။

          (ဃ)   တိုက်ပွဲတွင်ကျဆုံးခဲ့သည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ပြည်သူ့စစ်အဖွဲ့ဝင်များ၏သားသမီးအရင်းအချာများ(ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။

မှတ်ချက်။ အကယ်၍  ၎င်းင်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒအလျောက် ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန်ခွင့်ပြုနိုင်သည်။

          (င)     အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် တစ်ခုခုရရှိသော အားကစားသမားများ။

          (စ)    နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့်သူနာပြုများ။

          (ဆ)   တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော တပ်မတော်စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ။

          (ဇ)    ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေ လိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။

Dates: 
Friday, July 12, 2024 - 09:08