ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

    ဓာတ်အားပေးစက်တစ်လုံး တည်ဆောက်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သော စက်လည်ပတ်မှု ကုန်ကြမ်း (အရင်းအမြစ်) ရှိရပါဦးမည်။   ဓာတ်ငွေ့သုံးစက်ရုံအတွက် ဓာတ်ငွေ့သိုက်လိုအပ်သလို   ရေအားလျှပ်စစ်အတွက် စက်ရုံတည်ဆောက်နိုင်သည့် ရေအရင်းအမြစ်ကောင်းများလည်း ရှိရပါဦးမည်။

    အရင်းအမြစ်ရှိခဲ့လျှင်လည်း နှစ်ရှည်လည်ပတ်နိုင်မှု ရှိ၊ မရှိ စူးစမ်းလေ့လာရပါဦးမည်။ ဘက်စုံအဆင်ပြေခဲ့လျှင်ပင် ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရမှု၊  ငွေကြေးရှာဖွေရမှု၊  သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရမှု၊ ဓာတ်အားလိုင်းကြီးများအတွက် ထည့်သွင်းစဉ်းစားရမှု၊ ဖြန့်ဖြူးမည့်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအားလုံး တစ်ပြိုင်နက်ပြီးစီးအောင် စီမံရမှု  စသည့်ကြီးမား ကျယ်ပြန့်လှသော လုပ်ငန်းစဉ်ကြီးများကို ဖြတ်သန်းကြရသည်။ သာမန်ကုန်ထုတ်လုပ်ငန်း စက်ရုံတည်ဆောက်ခြင်း၊ လမ်းတစ်လမ်း ဖောက်လုပ်ခြင်း၊ တံတားတစ်စင်း တည်ဆောက်ခြင်း၊ ဟိုတယ်တစ်လုံး၊ ကုန်တိုက်တစ်တိုက်၊ စူပါမားကက်ကြီး တစ်ခုတည်ဆောက်ခြင်းထက် ပို၍ရှုပ်ထွေးများပြားသော လုပ်ငန်းအဆင့်များ ပါဝင်နေသည်။

ရေအားလျှပ်စစ် စီမံကိန်းများတွင် စက်မှုနှင့်လျှပ်စစ်ပစ္စည်းများ၊ ဗို့အားမြင့်ဓာတ်အားလိုင်းကြီးများ အတွက် နိုင်ငံခြားငွေအလုံးအရင်း သုံးစွဲရသလို မြန်မာငွေလည်း မြောက်မြားစွာ ရင်းနှီးမြှုပ်နှံကြရသည်။

ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ပြီးသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတချို့၏ ပြည်တွင်းငွေ၊ နိုင်ငံခြားငွေကုန်ကျစရိတ်များကို လေ့လာနိုင်ရန် နမူနာအဖြစ်ဖော်ပြပါမည်။

တချို့သော စက်ရုံစီမံကိန်းများတွင် တာတမံလုပ်ငန်းနှင့် စက်ရုံလုပ်ငန်းဟူ၍ နှစ်ပိုင်းခွဲပြီး ဝန်ကြီးဌာနနှစ်ခုက တာဝန်ယူကြရသည်များရှိသလို လျှပ်စစ်ဌာနတစ်ခုတည်းကပင် စက်ရုံပိုင်းရော တာတမံပိုင်းပါ ဆောင်ရွက်ခဲ့သည့်စီမံကိန်းများလည်း ပါဝင်သည်။ ဌာနနှစ်ခု ခွဲခြားဆောင်ရွက်ရသော ကိစ္စများအတွက် လျှပ်စစ်ကဏ္ဍနှင့် ဆည်မြောင်းကဏ္ဍဟု အောက်ပါဇယားတွင် ခွဲခြားဖော်ပြထားပါသည်။

Description: C:\Users\dsitd\Desktop\12-7-2024\12742.JPG

 

Description: C:\Users\dsitd\Desktop\12-7-2024\12744.JPG တာတမံကို ဆည်မြောင်းဦးစီးဌာနမ ဆောင်ရွက်သည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများ။

Description: C:\Users\dsitd\Desktop\12-7-2024\12745.JPG စက်ရုံမှ မိတ္ထီလာနှင့် ကျောက်ဆည်(ဘဲလင်း)အထိ ဓာတ်အားလိုင်းတန်ဖိုးအပါအဝင်။

USD-United States Dollar.

Description: C:\Users\dsitd\Desktop\12-7-2024\12743.JPG

      Description: Description: C:\Users\dsitd\Desktop\12-7-2024\12744.JPG ကျွန်းချောင်းဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအတွက် မြန်မာငွေ ထပ်မံဖြည့်စွက်ရပါဦးမည်။

         Description: Description: C:\Users\dsitd\Desktop\12-7-2024\12745.JPG ရွှေတောင်ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ နိုင်ငံခြားငွေနေရာတွင် တန်ဖိုးညီမျှသည့် မြန်မာငွေသာ ထည့်သွင်းထားပါသည်။

USD-United States Dollar.

MMK-Myanmar Kyat.

တည်ဆောက်သည့်ကာလမတူလျှင် ငွေတန်ဖိုးလည်းမတူနိုင်သဖြင့် စက်ရုံဖွင့်လှစ်သည့် ရက်စွဲများပါ ဖော်ပြထားခြင်းဖြစ်သည်။

ဤကာလအတွင်း ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုလုပ်ငန်းများတွင် နိုင်ငံ၏ဘဏ္ဍာရန်ပုံငွေ ကျခံရာမှစျေးကွက်စီးပွားရေး အသွင်ပြောင်းနိုင်ရန် ပြည်တွင်းတိုင်းရင်းသားများနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့သော်လည်း နိုင်ငံတော်မှသတ်မှတ်သည့် ဓာတ်အားဝယ်ယူမှုစျေးနှုန်းအရ လည်းကောင်း၊ လုပ်ငန်းစဉ်တစ်ခုလုံးတွင် တွေ့ကြုံကြရမည့် မခန့်မှန်းနိုင်သော အခက်အခဲအတားအဆီးများကြောင့် လည်းကောင်း မျှော်မှန်းသလို ရင်းနှီးမြှုပ်နှံမှုမပြုကြ၍ နိုင်ငံ၏ဓာတ်အား အကျပ်အတည်း ပိုမိုကြီးမားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဖြန့်ဖြူးမှု ဓာတ်အားခစျေးနှုန်း သက်သာစေလိုလျှင် နယ်စပ်နှင့်နီးစပ်သည့် ဒေသများမှ ဓာတ်အား အများစုကို ပြည်ပသို့ အထိုက်အလျောက်တင်ပို့မှသာ ရင်းနှီးမြှုပ်နှံသူလည်း တွက်ခြေကိုက်မည်။ နောက်အရေးကြီးသော အချက်တစ်ခုမှာ ရေအားလျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံသူများ တွေ့ကြုံကြရမည့် မမျှော်မှန်းနိုင် သောအကျပ်အတည်းများကို ဖြေရှင်းပေးနိုင်မှသာ လုပ်ငန်းများအောင်မြင်ပါလိမ့်မည်။ ဖြစ်နိုင်ပါက အမေရိကန် တို့ဆောင်ရွက်သကဲ့သို့ တိကျသော ဥပဒေပြဋ္ဌာန်းပေးသင့်သည်။

ပြန်လည်ပြည့်ဖြိုးမြဲရေကို သိုလှောင်မည့်တမံများ တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုဝန်းကျင်သက်ရောက်မှု ကိစ္စများအပေါ် စနစ်တကျဖြေရှင်းနိုင်လျှင် ရေရှည်တည်မြဲမည့် စျေးသက်သာသော ဓာတ်အားကို ပြည်ပအမှီအခိုကင်းစွာ ရရှိကြပါလိမ့်မည်။

မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲ ရေပမာဏကိုကြည့်၍ မိမိတို့နိုင်ငံကို ပြည်ပနိုင်ငံတချို့က များစွာအားကျကြသည်။ သို့သော် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် အပူပိုင်းဒေသများတွင် ယနေ့အထိ သောက်သုံးရေမလုံလောက်မှု၊ စိုက်ပျိုးရေ မလုံလောက်မှုနှင့်အတူ တစ်နိုင်ငံလုံးတွင် နှစ်စဉ် ရေကြီးရေလျှံမှုဖြစ်နေသည်ကိုလည်း စိတ်ဝင်စားနေကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံစနစ်ဖြစ်၍ အစိုးရများ၏ သက်တမ်းသည် ငါးနှစ်တစ်ကြိမ် အပြောင်းအလဲရှိသည်။ နှစ်ရှည်ဆောင်ရွက်ရမည့် ဤကဲ့သို့သော လုပ်ငန်းကြီးများကို လက်ဆင့်ကမ်း ဆောင်ရွက်မှုအရှိန် မြှင့်တင်သင့်သည်။ ငါးနှစ်အတွင်း ပြီးစီးနိုင်သော Quick win   ဟုခေါ်ကြသည့် လက်ငင်းထင်သာမြင်သာ ဖြစ်စေမည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်သင့်သလို နိုင်ငံဖွံ့ဖြိုးစေလိုသည့် စေတနာအရင်းခံဖြင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းကြီးများကိုလည်း လက်ဆင့်ကမ်းသွားသင့်သည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့တွင် တည်ဆောက်ခဲ့ကြသော ရေအသုံးချမှု စီမံကိန်းကြီးများသည် နိုင်ငံ၏ခေါင်းဆောင်များ အဆင့်ဆင့် လက်ဆင့်ကမ်း၍ ဆောင်ရွက်ခဲ့ကြသည့် စီမံကိန်းကြီးများ ဖြစ်သည်။ နိုင်ငံ၏သက်တမ်းသည် နှစ်ပေါင်းထောင်သောင်းချီ၍ သက်တမ်းရှည်နိုင်ပါသည်။

ချမ်းချမ်းသာသာ၊ ကျန်းကျန်းမာမာ သက်တမ်းရှည်စေရေး နှစ်ရှည်ဆောင်ရွက်ရမည့် နိုင်ငံ့အကျိုးပြု စီမံကိန်း လုပ်ငန်းကြီးများကို လက်ဆင့်ကမ်း ဆောင်ရွက်ကြရန် လိုအပ်သည်။ အစ္စရေး၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ လာအို၊  အီဂျစ်၊  အာရပ်စော်ဘွားများပြည်ထောင်စု  စသည့်အခြေအနေမတူ၊ ဒေသမတူနိုင်ငံ အသီးသီး၏ ပြန်လည်ပြည့်ဖြိုးမြဲရေ အရင်းအမြစ်ကို ထိရောက်စွာ အသုံးချနိုင်ရေး အားထုတ်ကြိုးပမ်းနေကြမှုများကိုလည်း ဖော်ပြခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။