ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စပိန်အသင်း လူငယ်တိုက်စစ် ကစားသမား ယာမယ်မှတ်တမ်းဝင်

 

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စပိန်အသင်း လူငယ်တိုက်စစ် ကစားသမား ယာမယ်မှတ်တမ်းဝင်

 

      စပိန်အသင်းလူငယ် တိုက်စစ်ကစားသမား ယာမယ် သည် ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ် အဖြစ် စပိန်အသင်းနှင့် ပြင်သစ်အသင်းတို့ ကစားသည့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက်  ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ်  မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၁၆ နှစ်အရွယ် ယာမယ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအသင်းတွင်  နည်းပြ ဇာဗီ၏ ယုံကြည်မှုနှင့်အတူ လူငယ်အသင်းမှ အသင်းကြီးနှင့် ပူးပေါင်းခွင့်ရရှိပြီးနောက် အဓိက ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ယာမယ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလို နာအသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိ ပါဝင်ခွင့်ရရှိခဲ့ပြီး  ခုနစ်ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှု  ၁၀ ကြိမ်ပြုလုပ်နိုင်ပြီးနောက်  ၂၀၂၃   ခုနှစ်မှစတင်ကာ စပိန်အသင်းတွင် ပါဝင်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ယာမယ်သည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း စပိန် အသင်း၌ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ ပြီး အသင်းဖော် နီကိုဝီလီယံနှင့်အတူ အကောင်းဆုံး တွဲဖက်ပြီး ခြေစွမ်းပြနိုင်ခဲ့ကာ စပိန်အသင်းက ပြင်သစ်အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် လည်း ပွဲချိန် ၂၁ မိနစ်တွင် လှပသည့် အဝေးကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူနိုင်ပြီးနောက် ယူရိုပြိုင်ပွဲသမိုင်း တစ်လျှောက်   အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယာမယ်သည် ယူရို  ၂၀၂၄ ပြိုင်ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အပြင် ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့သည့်အတွက်  ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက်   အသက်အငယ်ဆုံး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူနှင့် စပိန်အသင်းနှင့် ပြင်သစ်အသင်း တို့ပွဲစဉ်တွင် အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် အတွက် ပွဲစဉ်အလိုက် အသက်အငယ်ဆုံး၊ အကောင်း ဆုံးကစားသမားဆု ရရှိသူအဖြစ်ပါ    မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။    

Dates: 
Friday, July 12, 2024 - 10:17