ကိုပါအမေရိကဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ပြိုင်ပွဲအကြိမ်ရေ အများဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားသည့် ဇီဇင်ညို၏ စံချိန်ကို မက်ဆီလိုက်မီ

 

ကိုပါအမေရိကဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ပြိုင်ပွဲအကြိမ်ရေ အများဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားသည့် ဇီဇင်ညို၏ စံချိန်ကို မက်ဆီလိုက်မီ

 

    အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနှင့် ကနေဒါအသင်းတို့ ကစားသည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက်   ကိုပါအမေရိက ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်   ပြိုင်ပွဲအကြိမ်ရေ အများဆုံးဂိုးသွင်းသူအဖြစ်  စံချိန်တင်ထားသည့်  ဘရာဇီးအသင်း ကစားသမားဟောင်း ဇီဇင်ညို၏ စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားအသင်းက   ကနေဒါအသင်းကို ၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် မက်ဆီသည် ပွဲချိန်  ၅၁  မိနစ်တွင်  သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီး နောက်  ကိုပါအမေရိကဖလား  သမိုင်းတစ်လျှောက် ပြိုင်ပွဲခြောက်ကြိမ်တွင်  ဂိုးသွင်းယူနိုင်သည့်  မှတ်တမ်းကောင်းတစ်ရပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ကိုပါအမေရိကဖလားပြိုင်ပွဲ  သမိုင်းတစ်လျှောက် ပြိုင်ပွဲခြောက်ကြိမ်တွင် ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲအကြိမ်ရေအများဆုံးဂိုးသွင်းသူအဖြစ်  စံချိန်တင်ထားသည့် ဇီဇင်ညို၏စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ဇီဇင်ညိုသည် ဘရာဇီးအသင်းနှင့်အတူ ကိုပါအမေ ရိကဖလားပြိုင်ပွဲတွင်  ၁၉၄၂ ခုနှစ်မှ  ၁၉၅၇  ခုနှစ် အတွင်း ပြိုင်ပွဲခြောက်ကြိမ်တွင် ဂိုးသွင်းယူနိုင်ခြင်းဖြစ် ပြီး ယခုအခါ မက်ဆီကလည်း၂၀၀၇ ပြိုင်ပွဲ၊ ၂၀၁၅ ပြိုင်ပွဲ၊ ၂၀၁၇ ပြိုင်ပွဲ၊ ၂၀၁၉ ပြိုင်ပွဲ၊၂၀၂၁ ပြိုင်ပွဲနှင့် ယခု ၂၀၂၄ ပြိုင်ပွဲတို့တွင် ဂိုးသွင်းယူပြီး  မှတ်တမ်းကောင်း တစ်ရပ်ရရှိကြောင်း သိရသည်။

Dates: 
Friday, July 12, 2024 - 10:21