အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁၂
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးတံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ဆုပေးပွဲကိုပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများ၊ ဆင့်ပွားဒိုင်းဆုနှင့် တံခွန်စိုက် ဒိုင်းဆုရရှိသော ဟင်္သာတတပ်နယ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသား ၁၀ သင်း၊ အမျိုးသမီး အသင်း ၁၀ သင်းဖြင့် ဇူလိုင်လ ၅ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိ သည်။