ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက်  တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်     

 

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက်  တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်     

     

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၂             

      ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့စစ်ရေးပြ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်း၌ ကျင်းပပြုလုပ်ရာ  အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းစစ်ဌာနချုပ် မှ တပ်မတော်အရာရှိကြီးများ၊တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊မိသားစုဝင်များ တက်ရောက်ကြသည်။၊                                                              

    ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားပြီး စစ်ရေးပြအစီအစဉ် အတိုင်းဆက်လက် ပြုလုပ်ကြသည်။ ထို့နောက် (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ဆုချီးမြှင့်ခြင်း အခမ်းအနားကို တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ဆက်လက်ပြုလုပ် ရာ တိုင်းမှူးနှင့်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြပြီး တိုင်းမှူးနှင့် တာ၀န်ရှိသူများက အရာရှိ၊စစ်သည်၊ရဲမေများအတွက် ဝတ်စုံများ အမှတ်တရပေးအပ်ကာ ဝတ်စားဆင်ယင်မှု နှင့် စစ်ရေးပြအကောင်းဆုံးဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်းရေးအကောင်း ဆုံးဆု ရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ဗလာမပါ ကံစမ်းမဲများ ပြုလုပ် ကာလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

Dates: 
Friday, July 12, 2024 - 21:06