ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

 

ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဇူလိုင်-၁၂

     ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း လက်ဝှေ့ ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်း ဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး  ဗိုလ်မှူးချုပ် သိန်းထူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြသည်။

     ဦးစွာ ဌာနချုပ်မှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လု ပွဲပွဲစဉ်ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ဧရာဝတီရေတပ်စခန်းဌာနချုပ်အသင်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

     အဆိုပါလက်ဝှေ့ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကွပ်ကဲမှု အောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်းဖြင့် ဇူလိုင်(၆) ရက်မှ ယနေ့အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Friday, July 12, 2024 - 21:18