၂ဝ၂၄ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၄ ဇူလိုင်-၁၂
၂ဝ၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ လေကြောင်းအတတ် သင် လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် ဝင်းမောင်သိန်း နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် လေကြောင်း အတတ်သင် လေတပ် စခန်းဌာနချုပ်အသင်းနှင့် မှော်ဘီလေတပ်စခန်းအသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ် ဘောလုံးအသင်းတို့အား ကာကွယ်ရေးဦးစီးချုပ် (လေ)ကိုယ်စား လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံး ပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်းအသီးသီးတို့မှ ပြိုင်ပွဲဝင် အသင်း ၁၂ သင်းတို့ဖြင့် ဇွန်လ ၂၈ ရက်နေ့မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။