ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ယခုဆက်လက်၍ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြန်လည်ပြည့်ဖြိုးမြဲ ရေကို အသုံးချဆောင်ရွက်ခဲ့သော ရေအားလျှပ်စစ်နှင့် လယ်ယာစိုက်ပျိုးရေး ရေရရှိရေးတို့ကိုပါ ပူးတွဲဖော်ပြပါမည်။

ငါးနှစ်တာကာလတိုအတွင်း ဆောင်ရွက်ခဲ့သော လျှပ်စစ်ဓာတ်အားရရှိရေး၊ စက်ရုံတည် ဆောက်မှု များတွင် ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၏ အခန်းကဏ္ဍမှာလည်း အရေးပါသည့်အတွက် တစ်ပါ တည်းဖော်ပြပါမည်။

ယခု ဓာတ်အားပေးစက်ရုံများတည်ဆောက်ပြီးစီးခဲ့မှုကို ဦးစွာဖော်ပြပါမည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းဆောင်ရွက်ပြီးစီးခဲ့သော ဓာတ်အားပေးစက်ရုံများ

(*)ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ တာတမံနှင့် ဓာတ်အားပေးစက်ရုံ ဆောက်လုပ်သည်။

ဤကာလအတွင်းဆောင်ရွက်ခဲ့မှုကိုလေ့လာလျှင်-

ရေအားလျှပ်စစ်စက်ရုံ (၁၁) ရုံ      -၇၇၀ မဂ္ဂါဝပ်

ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၁၄) ရုံ         -၉၅၇ မဂ္ဂါဝပ်

အသီးသီးဖြင့် စုစုပေါင်း ၁၇၂၇ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်နိုင်ခဲ့သည်။

သတိထားမိသည်မှာ စုစုပေါင်း ၁၇၂၇ မဂ္ဂါဝပ်ထဲတွင် ပြန်လည်ပြည့်ဖြိုးမြဲ ရေအားစွမ်းအင်သည် ၄၀ ရာခိုင်နှုန်းခန့်သာ ပါဝင်နေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင်ဖြစ်ပေါ်ခဲ့သော ဓာတ်အားထုတ်လုပ်မှုအချိုးမှာ ရေအားလျှပ်စစ်ဖြင့် ၅၅ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများဖြင့် ၄၅ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်ခဲ့သည်။ တစ်ယူနစ် ဓာတ်အားထုတ်လုပ်မှုစရိတ်တွင် နိုင်ငံပိုင်ရေအားလျှပ်စစ်စက်ရုံများ၏ ရောင်းစျေး ၁၈ ကျပ်၊ ဖက်စပ် ရေအားလျှပ်စစ်စက်ရုံများ၏ ရောင်းစျေး ၄၅ ကျပ်ခန့်၊ ပုဂ္ဂလိကရေအားလျှပ်စစ်စက်ရုံများမှ ရောင်းစျေး

၆၅ ကျပ်နှင့် ၇၀ ကျပ် အသီးသီးဖြင့် ရောင်းချပေးခဲ့သည်။ သို့သော် ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုစရိတ်တစ်ယူနစ်အတွက် ၁၂၀ မှ ၁၃၀ ကျပ်အထိ ကျသင့်ခဲ့သည့်အတွက် ပျမ်းမျှ တစ်ယူနစ် ထုတ်လုပ်မှုစရိတ်မှာ ၉၅ ကျပ်ခန့်ထိ မြင့်မားခဲ့သည်။

ကုန်ကျစရိတ်ကာမိစေရေး ဓာတ်အားခစျေးနှုန်း မြှင့်တင်ရန်ကြိုးပမ်းခဲ့သော်လည်း အခက်အခဲများ ဖြစ်ပေါ်လာမှုကြောင့် အနည်းငယ်မျှသာ စျေးနှုန်းမြှင့်တင်နိုင်ခဲ့သည်။

ဤအခြေအနေကြောင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်ရန်ပုံငွေ ငွေကျပ် ၁၀၀ ဘီလီယံကျော်အရှုံးနှင့် စတင်ရင်ဆိုင်ခဲ့ရတော့သည်။ ဓာတ်အားသုံးစွဲသူများ၏စရိတ်ကို တစ်နိုင်ငံလုံးမှ မျှ၍ကျခံလိုက်ရသလို ဖြစ်ခဲ့သည်။

ပြည်သူများ နေ့စဉ်ဓာတ်အား ဖြတ်တောက်ခံရမှုမရှိစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည့် ကာလဖြစ် သည်။

ဆက်လက်ဖော်ပြပါမည်။