တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင်  ၁၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ  ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၅)လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်  ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် GI Pipe (၁၅၉၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃၇၃၀၀၀)ကို လည်းကောင်း၊  ကုန်သေတ္တာ(၁)လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့်  စင်္ကာပူနိုင်ငံ ထုတ် အားဖြည့်အချိုရည် (၁၄၆၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၂၀၀၀၀၀)ကို လည်း ကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ဝန်စည်အတွင်းမှ တရုတ်နိုင်ငံ ထုတ် မိုးလေဝသခန့်မှန်းရေး ဆက်စပ်ပစ္စည်းများ ၄၀ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၃၀၀၀၀)ကို လည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့မောင်းနှင် လာသော   မော်တော်ယာဉ်(၁)စီးပေါ်မှ  ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်း JM Solution Glow Fill Spa Toner (၂၇၀၀)ဘူး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၁၀၀၀၀)နှင့်  အဆိုပါ ပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Fuso Bus (၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၂၁၃၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်း များနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ  ၁၁  ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူ ခရိုင်တို့ အတွင်း၌  တရားမဝင်ကျွန်းသစ် (၂ ဒသမ ၃၇၄)တန်၊ သစ်မာ (၀ ဒသမ ၄၀၆)တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၅၀၆၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဇူလိုင်လ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူး မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအနီး၌ တရားမဝင် အခြားသစ် (၃ ဒသမ ၃၃၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၃၄၂၀၀)၊ အဆိုပါသစ်များ တင်ဆောင်လာသည့် Nissan UD Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် GI Pipe Square (၁၀၀၀၀)ကီလိုဂရမ်၊ ထိုင်းနိုင်ငံထုတ် Alpha Air Cooler (၁၁၀)လုံး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီးနှင့် Hino Profia Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၁၃၄၂၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင်လ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၂)မှု၊  (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၆၈၈၅၂၂၆၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)

Dates: 
Saturday, July 13, 2024 - 09:46