နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း ( Black Lists ) တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်

နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း ( Black Lists ) တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်

နေပြည်တော် ဇူလိုင် ၁

              ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း အချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့် အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝ များလည်း နစ်နာလျက်ရှိပါသည်။

              နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါနစ်နာမှုများအား ကုစားပေးနိုင်ရန်အလို့ငှာ ယင်း ဝန်ထမ်းများကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists)မှ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ပါသဖြင့် ၁၅ - ၇ - ၂၀၂၄ ရက်မှစ၍ အဆိုပါဝန်ထမ်းများသည် မိမိတို့ ရောက်ရှိနေသည့် နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန၏ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့လည်းကောင်း ပြန်လည်သတင်းပို့ကြပါရန် ထုတ်ပြန်ကြေညာ အပ်ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

Dates: 
Saturday, July 13, 2024 - 16:11