စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိဘိန်းဖြူ ၅၅ ကီလို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိဘိန်းဖြူ ၅၅ ကီလို ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၄

မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မေလ ၃၁ ရက် ညနေ ၅ နာရီအချိန်  စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့   ကလေး-ကလေးဝသွားကားလမ်းတွင် ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှ လိုက်ပါလာသည့် MITSUBISHI  FUSO ၆ ဘီး Container Box မော်တော်ယာဉ်ကို  သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅၅၀၀ ခွက် ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ  ဘိန်းဖြူ  ၅၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ  ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင် ရောင်းဝယ် ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် သော့နေလွယ်(ခ) ပါးလွယ်နှင့် ဇနီးဖြစ်သူ မအေးအေးမြင့်တို့အပါအဝင် ဝင်းအောင်ထွန်းနှင့်တင်မောင်လှတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(၁၀၀)

Dates: 
Monday, July 15, 2024 - 11:02