၂၀၂၄-၂၀၅ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
နေပြည်တော်၊ ၂၀၂၄ ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင် ဖွင့်လှစ်နေပြီးဖြစ်သည်။
နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၅၃၆၇၁၃ ဦး အပ်နှံပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ စာသင်ကျောင်းများတွင် သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချ ပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများကို သင်ရိုးညွှန်းတန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ ပေးအပ်လျက် ရှိသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။
ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ ကျောင်းသူများ ကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။
အခုလို အခြေခံပညာကျောင်းများ ဖွင့်လှစ်ကာ အေးချမ်းပျော်ရွှင်စွာပညာ သင်ကြားနေမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ၏ စကားသံများကိုလည်း အခုလိုပဲကြားသိရပါတယ်-
ဆရာကြီး ဦးဝင်းမြင့်၊ ကျောင်းအုပ်ကြီး ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း
ကျွန်တော်ကတော်ကတော့ ဆရာကြီးဦးဝင်းမြင့်ပါ။ တာဝန်ကတော့ အထက (၅) နေပြည်တော်ရဲ့ကျောင်းအုပ်ဖြစ်ပါတယ်။ ဒီ ၂၀၂၄-၂၅ ပညာ သင်နှစ်မှာ ကျောင်းသားတွေ အတွက်ဆိုပြီးတော့ နိုင်ငံတော်ကနေ အခမဲ့ပညာ ရေးအပြင် ဝတ်စုံတွေပေးတယ်၊ ဗလာစာအုပ် တွေပေးတယ်၊ ခဲတံတွေ၊ ဘောပင်တွေ နိုင်ငံတော်ကထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ကျောင်းမအပ်က သေးတဲ့ မိဘများကလည်း ကျောင်းသားတွေကိုအမြန်လာအပ်ဖို့ ပြောချင်ပါ တယ်။ ကျွန်တော်တို့သည် ကျောင်းအပ်နှံရေးကို ၂၃-၅-၂၀၂၄ ကနေပြီး ၂-၆-၂၀၂၄ အထိ ကျောင်းအပ်လက်ခံတယ် ဆိုပေမဲ့လည်း ဒီဇွန်လအတွင်း လာ အပ်ရင် ကျွန်တော်တို့က အကုန်လက်ခံပေးပါတယ်။ ကျောင်းမအပ်ရသေးတဲ့ မိဘတွေကို ကျောင်းလာအပ်လို့ ရပါတယ် လို့ ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်။
ကျောင်းသား မိဘ
နိုင်ငံတော်ကခုလို ကျောင်းတွေဖွင့်ပေးတဲ့အခါကျ သူ့အရွယ်နဲ့ သူ့အတန်း နဲ့ပညာသင် ကြားရတဲ့အတွက်ကြောင့်မလို့ ကျေးဇူးလည်းတင်ပါတယ်။ ဝမ်း လည်းသာပါတယ်ရှင့်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကျောင်းမအပ်နှံရသေးတဲ့ ကလေးကျောင်းအပ်လိုက်မယ်ဆိုရင်အခုလိုပညာသင်ကြားရမည့်အရွယ်ကလေးမှာ ပညာသင်ကြားခွင့်ရသွားတဲ့အတွက်ကြောင့် ကလေးအတွက်လည်းတိုးတက် မှုအများကြီးရှိတဲ့အတွက်ကြောင့် ကျောင်းမအပ်ရသေးရင်လည်း ကျောင်းအပ် ပေးကြပါလို့၊ အခုအချိန်အထိလည်း အားလုံးကို ကျောင်းအပ်လက်ခံ နေပါသေး တယ်လို့ ပြောကြားလိုပါတယ်ရှင့်။ ဖိတ်ခေါ်လိုပါတယ်ရှင့်။
ကျောင်းသား
အခုလိုကျောင်းပြန်ဖွင့်ပြီးတော့ အေးအေးချမ်းချမ်းပြန်ပြီးတော့ ပညာ သင်ကြားရတဲ့အခါကြတော့ ကျွန်တော်တို့ ကျောင်းသားတွေ သူငယ်ချင်းတွေ အချင်းချင်း ပြန်တွေ့ရပြီးတော့ ပိုပြီးတော့ လုံးလဝိရိယရှိရှိနဲ့ သင်ယူနိုင်တယ် ပေါ့ဗျာ ။ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့အရာတွေအကုန်လုံးကို ကျောင်းကနေ ပြီးတော့ လုံလုံ လောက်လောက်ထောက်ပံ့ပေးနိုင်တာရှိပါတယ် ခင်ဗျာ။ ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။
ကျောင်းသူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ၊ ပျဉ်းမနားခရိုင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ယူနေတဲ့ နှစ်ထပ် ကွမ်း လူရည်ချွှန် ဖြစ်ပါတယ်ရှင်။ အခုပညာသင်ယူရတဲ့အခါမှာကြတော့ နိုင်ငံ တော်ကနေပြီးတော့ စာအုပ်တွေ ၊ ခဲတံ ၊ ခဲဖျက် လိုလေသေးမရှိအောင် အစစအရာရာ ထောက်ပံ့ပေးပါတယ်ရှင်။ အဲတော့ သမီးတို့ ခုပညာသင်ကြား ရတဲ့ ကျောင်းသား / ကျောင်းသူတွေ ပိုပြီးတော့ အဆင်ပြေချောမွေ့တာပေါ့ ရှင့် ။ ဒီလိုမျိုး သမီးတို့ကို အစိုးရကျောင်းတွေမှာ ပညာအေးအေးဆေးဆေးသင်ယူ နိုင်အောင် အစစအရာရာ စောင့်ရှောက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲများနဲ့ တကွ တာဝန်ရှိသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောလိုပါတယ် ရှင်။