ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

 

ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဇွန် ၃

 

၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ် ပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းလူနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ဌာနချုပ်မှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ရေတပ်လေ့ကျင့်ရေးဌာန ချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ဌာနချုပ်မှူးနှင့်အဖွဲ့ဝင် များက တံခွန်စိုက်ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှု အောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်းဖြင့် မေ(၂၉) ရက်မှ ယနေ့အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 16, 2024 - 05:08