နမ့်စန်မြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲကျင်းပ နေပြည်တော်၊ ၂၀၂၄ ဇွန် ၃ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စ

 

နမ့်စန်မြို့နယ်၌  အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ ဇွန် ၃

 

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲ ဆိုင်းပုဒ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်ကြား ပို့ချမည့် အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပြခန်းများ၊ ကွန်ပျူတာအခြေခံ ဘာသာရပ်ပြခန်းများ၊ သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အလိုက် သင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။

အဆိုပါအသစ်ဖွင့်လှစ်သည့် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်း(ခွဲ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ စက်မှုဘာသာရပ်သင်ကြားသည့် ကျောင်းသား၊ကျောင်းသူ ၄၁ ဦး၊ စိုက်ပျိုးရေးဘာသာရပ်သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ စုစုပေါင်း ၅၇ ဦး ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 16, 2024 - 05:28