အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁

   

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက်တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

   

ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြသည်။

   

၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗလာမပါ ကံစမ်းမဲဖောက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။