(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုဆွတ်ခူးရရှိ

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုဆွတ်ခူးရရှိ

နေပြည်တော်  ဇွန်  ၅

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ဇွန်လ ၁ ရက်မှ ၉ ရက်အထိကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအဖွဲ့မှ အားကစားသမားအင်အား စုစုပေါင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ(အမျိုးသမီး) တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေက ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး လက်နက်ဖြင့် အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ မောင်အောင်ပြည်စုံနိုင်၊ မောင်ကျော်ဇောရှင်နှင့် မောင်ပြည်စုံအောင် တို့အတွဲက ရွှေတံဆိပ်တစ်ခု၊ (အမျိုးသား) 54-60 kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတံဆိပ်တစ်ခု၊ (အမျိုးသမီး) 45.0- 50.9 kg ပြိုင်ပွဲတွင် မယွန်းပန်းသဇင်အောင်က ကြေးတံဆိပ် တစ်ခု၊ (အမျိုးသား)တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေက ကြေးတံဆိပ် တစ်ခု၊ (အမျိုးသမီးနှစ်ယောက်တွဲ) ဓားအတိုက်အပြပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် မကြယ်စင်လွင်တို့ အတွဲက ကြေးတံဆိပ်တစ်ခု၊ (အမျိုးသားလေးယောက်တွဲ)လက်နက်မဲ့ အပြပြိုင်ပွဲတွင် မောင်မင်းခန့်နိုင်၊   မောင်နိုင်အောင်ရွှေ၊ မောင်ပြည်စုံအောင်နှင့် မောင်ကျော်ဇောရှင်တို့အတွဲက  ကြေးတံဆိပ်တစ်ခု ရရှိခဲ့ပြီး မြန်မာဗိုဗီနမ် အားကစားအဖွဲ့အနေဖြင့် စုစုပေါင်း ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် လေးခုဖြင့်  စုစုပေါင်းဆုတံဆိပ်ခုနစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ကျော်လွင်(မြဝတီ)

Dates: 
Tuesday, July 16, 2024 - 15:13