၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများဆက်လက်ကျင်းပ

နေပြည်တော် ဇွန်  ၅

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ်ဂျူဒို အားကစားသမားများစွာ ပေါ်ထွက်လာစေ ရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်၁ဝနာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ၀ိတ်တန်းအလိုက်အတိုက်ပြိုင်ပွဲများအား   ယှဉ်ပြိုင် ကစားခဲ့ကြရာ အမျိုးသား (-၆၀) ကီလိုပြိုင်ပွဲတွင် နိုင်ဌေး(ရန်ကုန်တိုင်းဒေသကြီး) က ပထမ၊ နေဆန်း(တနင်္သာရီတိုင်းဒေသကြီး) က  ဒုတိယ၊ က္ကုဇက်(ရခိုင်ပြည်နယ်) က တတိယ၊ အောင်နိုင်မိုး (ကယားပြည်နယ်)က ပူးတွဲတတိယ၊ အမျိုးသား -၆၆ ကီလိုပြိုင်ပွဲတွင် လှိုင်မင်းခန့် (စစ်ကိုင်းတိုင်း ဒေသကြီး)က ပထမ၊ ဝေလင်းထွေး(ဧရာဝတီတိုင်းဒေသကြီး)က ဒုတိယ၊ သီဟသော် (ရန်ကုန်တိုင်း ဒေသကြီး)က တတိယ၊ မျိုးမြင့်မြတ်(ရှမ်းပြည်နယ်)က ပူးတွဲတတိယ၊ အမျိုးသား -၇၃ကီလိုပြိုင်ပွဲတွင် အောင်သန့်ကျော် (ဧရာဝတီတိုင်းဒေသကြီး)ကပထမ၊ ဖြိုးကိုကို (ရန်ကုန်တိုင်းဒေသကြီး)က ဒုတိယ၊ မျိုးလတ်အောင် (ကချင်ပြည်နယ်)က တတိယ၊ လင်းထက်ဦး(နေပြည်တော်)က ပူးတွဲတတိယ၊ အမျိုးသား +၇၃ ကီလိုပြိုင်ပွဲတွင် ကျော်ခန့်စိုး (ရန်ကုန်တိုင်းဒေသကြီး)က ပထမ၊ စထက်ဝေဖြိုး (ဧရာဝတီတိုင်းဒေသကြီး)က ဒုတိယ၊  ဇော်လင်းဖြိုး (စစ်ကိုင်းတိုင်းဒေသကြီး)က တတိယ၊ ခန့်ထူးနိုင် (ပဲခူးတိုင်းဒေသကြီး)က ပူးတွဲတတိယ၊ အမျိုးသမီး (-၄၈) ကီလိုပြိုင်ပွဲတွင် တင်ဇာမြင့် (ကချင်ပြည်နယ်) က ပထမ၊ နှင်းဝတ်မှုံလွင် (ဧရာဝတီတိုင်းဒေသကြီး)က ဒုတိယ၊ နော်တေးဖာဖော (ကယား ပြည်နယ်)ကတတိယ၊ အေးချမ်းဖြိုး (မန္တလေးတိုင်း ဒေသကြီး)က ပူးတွဲတတိယ၊  အမျိုးသမီး-၅၂ ကီလိုပြိုင်ပွဲတွင် မေဇင်ဖြိုး (ကချင်ပြည်နယ်)က ပထမ၊ စန္ဒာဝင်း(ချင်းပြည်နယ်)က ဒုတိယ၊ နော်မြတ်နိုး ရွှေစင်(မွန်ပြည်နယ်) က တတိယ၊ ဆန်မိုင်းရာ (ရှမ်းပြည်နယ်)က ပူးတွဲတတိယ၊ အမျိုးသမီး -၆၃ ကီလိုပြိုင်ပွဲတွင်  ထက်ထက်လင်း (မန္တလေးတိုင်းဒေသကြီး)က ပထမ၊  နှင်းမိုးပွင့်ဖြူ(ကရင်ပြည်နယ်)က ဒုတိယ၊ တွယ်တာမိုး(ကယားပြည်နယ်)က တတိယ၊ ဂျူးမြတ်ချယ် (ဧရာဝတီတိုင်းဒေသကြီး)က ပူးတွဲ တတိယ၊ အမျိုးသမီး(+၆၃)ကီလိုပြိုင်ပွဲတွင်  နန်းသဲနုနုစံ(ကရင် ပြည်နယ်)က ပထမ၊ ယွန်းဝတီစိုး (ရန်ကုန်တိုင်းဒေသကြီး)က ဒုတိယ၊ ဖရေးမြာသဲဦးဝေ(ကယားပြည်နယ်) က တတိယ၊ နန်းနုနုခေါင် (ရှမ်းပြည်နယ်)က ပူးတွဲတတိယဖြင့် အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

ဇွန်လ ၆ ရက် (ယနေ့) နံနက် ၉နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ဂျူဒို (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစား ၀ါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။          

ကျော်လွင်(မြဝတီ)

Dates: 
Tuesday, July 16, 2024 - 15:43