လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများအား ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ ၂၀၂၄ ဇူ - ၁၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဒွေးမယ်နော် ဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိ သူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဆန်၊ ဆီ၊ နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။