ပြည်ခရိုင်၊ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ပြည်ခရိုင်၊ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်များမှ   ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၆ ရက်

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ကာ ပြည်ခရိုင်၊ ရွှေတောင်မြို့ပေါ်ရှိ၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်း ရပ်ကွက်နှင့် သရက်တောရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိသဖြင့် ဒေသခံပြည်သူများသည် ကြာနီကန်ရပ်ကွက်၊ ရွှေမျက်မှန်ဘုရားဝင်း အတွင်းရှိဓမ္မာရုံ၌ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

 အဆိုပါ ရေဘေးသင့်ပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်နယ်မှ တာဝန်ရှိသူများက  ကြာနီကန်ရပ်ကွက်၊ ရွှေမျက်မှန်ဘုရားဝန်း အတွင်းရှိ ဓမ္မာရုံ၌ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၃၆ စု၊ လူဦးရေ ၅၃၀ ဦးတို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် အလှူငွေများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 16, 2024 - 15:59