ဂန့်ဂေါမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

ဂန့်ဂေါမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော်၊ ဇူလိုင် ၁၆

        မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လာပို့ကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တစ်ဖက်သတ် စွပ်စွဲရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

        ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီချိန်ခန့်က လာပို့ကျေးရွာ အနီးတစ်ဝိုက်တွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်း ပေးပို့မှုအရ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ချေမှုန်းခဲ့ရာ အကြမ်းဖက် သမားများ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခဲ့ သည့်ရအတွက် ညနေ့ ၆ နာရီခွဲချိန်ခန့်တွင် အဆိုပါနယ်မြေခံတပ်ရင်းအား အကြမ်းဖက် သမားများမှ လက်လုပ်စိန်ပြောင်းများ၊ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု ကြောင့် အကြမ်းဖက်သမားများ သေဆုံးခဲ့ရမှုအား ပြည်သူများထိခိုက်သေဆုံးခဲ့သည်ဟု  သတင်းတု၊ သတင်းအမှားများကို အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 16, 2024 - 16:00